မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး ဆက်လက် ထိုးနှံပေး

အထက်မင်းလှ ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၅ နှစ်အထိ အခြေခံပညာ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းနေပြင်ပ ကလေးများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး လျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ ၆ လနှင့် အထက်ရှိသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster dose)ထပ်ဆောင်း ထိုးနှံပေးလျက်ရှိရာ  မြို့နယ်တွင်း၌ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရန် ယမန်နေ့ နံနက် ၈ နာရီခွဲက မန်းသံပုရာကန် ရေနံဓာတုဗေဒစက်ရုံမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မန်းသံပုရာကန် ရေနံဓာတုဗေဒစက်ရုံနှင့် မြို့နယ်အတွင်းရှိ သတ်မှတ်ဆေးထိုးစုရပ်များ၌ ဒုတိယအကြိမ်ကာကွယ် ဆေးထိုးနှံသူ စက်ရုံဝန်ထမ်းနှင့် မိသားစုဝင်(၁၂)ဦးနှင့် ပြည်သူ (၅၅၆)ဦး၊ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှု (Booster dose)ထပ်ဆောင်းထိုးနှံသူ စက်ရုံဝန်ထမ်းနှင့်မိသားစုဝင် (၂၅၂)ဦး၊ ပြည်သူ(၃၁၉)ဦးတို့အား Covishield နှင့်Covaxin ကာကွယ်‌ဆေးများကို  ဆက်လက်ထိုးနှံ ပေးခဲ့သည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုး၊ မန်းသံပုရာကန် ရေနံဓာတုဗေဒ စက်ရုံမှူးတို့က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ (အထက်မင်းလှ)