မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

မံစီ ဇွန် ၂၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိပြီး မူးယစ်ဆေးဝါး အန္တရာယ် ကင်းဝေးစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း မိမိတို့ ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် ပြုလုပ်လျက်ရှိနေခြင်းဖြစ်ပြီး အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို အွန်လိုင်းလူမှု ကွန်ယက်စာမျက်နှာများမှ တစ်ဆင့် ထုတ်လွင့်သွားမည်ဖြစ်ကြောင်း  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဦးက ပြောကြားသည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် မြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဦးရဲမြင့်ခိုင်က မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဆိုးကျိုး များနှင့် မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သည့် ဥပဒေအ‌ကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)