ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်

ပင်းတယ ဇွန် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ Community Centre လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ၂၀၂၂ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပသည်။ 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ် ပေးရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြား၍၊    ကျောင်းဆရာမတစ်ဦးမှ  ပြိုင်ပွဲစည်းကမ်းများကို ပြောကြားပေးခဲ့သည်။ ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်သည့် အခမ်းအနားအား ကျင်းပခဲ့ရာ ပင်းတယမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အမှာစကားပြောကြားပေးပြီး၊ ပြိုင်ပွဲဝင်ဆုရ ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)နှင့် မြို့နယ်ပညာရေးမှူးတို့မှ ဆုငွေများကိုလည်းကောင်း၊ ထို့နောက် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ အမှတ်တရလက်ဆောင် ပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။

ယနေ့စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်း အထက(၁)နှင့် ကြိုသက်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများမှ လာရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပင်းတယ(ပြန်/ဆက်)