ကရသူရိမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ကရသူရိ ဇွန် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊  ကော့သောင်းခရိုင်၊  ကရသူရိမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး ဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်လွဲ (၂) နာရီက မြို့ပေါ်ရပ်ကွက်များ၊ အခြေခံပညာကျောင်းနှင့် ဌာနဆိုင်ရာရုံးများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်အေးအေးသန်းနှင့် ဝန်ထမ်းများက ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ပြည်သူများနှင့် ကျောင်းသား/သူများ သိရှိနားလည်နိုင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ရှောင်းရှားနိုင်ပြီး မူးယစ်‌ဆေးဝါး သုံးစွဲခြင်း၏ဆိုးကျိုးများကို နားလည်းသဘောပေါက်စေ‌ရေး ပညာပေး ဖြန့်ဝေပေးခြင်းဖြစ်ပြီး  ထိုလက်ကမ်း စာစောင်တွင် ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါး အန္တရာယ်၊ မူးယစ်‌ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ မူးယစ်ကိုပစ်ပန်းတိုင်သစ် စိတ်သစ်လူသစ်ဘဝသစ်၊ မူးယစ်ဆေးဝါး ပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒများ၊ မဟာဗျူဟာ (၂) ရပ်နှင့် နည်းဗျူဟာ (၃) ရပ်စသည့်အကြောင်းအရာများ စုံလင်စွာထည့်သွင်းဖော်ပြထားကြောင်း အဆိုပါစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးချုပ်မှအခမဲ့ ထုတ်ဝေထားပြီး ပြည်သူများအသိပညာဗဟုသုတရရှိရေး အခြေခံပညာအထက်တန်းကျောင်း၊ ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးအသီးသီးသို့ စုစုပေါင်းစာစောင် (၂၀၅) စောင်အား လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကရသူရိ (ပြန်/ဆက်)