မြောက်ဦးမြို့တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ဖုံး၊ သွန်၊ လဲစစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြောက်ဦး  ဇွန် ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ သွေးလွန်တုတ်ကွေးရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့်  ယနေ့ နံနက် ၉ နာရီ အချိန်က ကြက်ဈေးရပ်ကွက်သို့ သွားရောက်၍ သွေးလွန်တုတ်ကွေးရောဂါ  ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတို့ ပူးပေါင်းပြီး ၎င်းရပ်ကွက်အတွင်းရှိ ပြည်သူများနေအိမ်သို့ သွားရောက်ကာ ဘုရားညောင်ရေ ပန်းအိုးများကို ဖုံး၊ သွန်၊ လှဲ၊ စစ် ပြုလုပ်ပေးခြင်း၊ ခြင်ကျား လောက်လန်းမပေါက်ပွားစေရန်အတွက် ခြင်ခိုအောင်းပေါက်ပွားနိုင်သော ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ ပိုးလောက်လန်းသေအဘိတ် ဆေးများခပ်ပေးခြင်းများနှင့် ကျန်းမာရေး အသိပညာခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်)