ပုဗ္ဗသီရိ ဇွန်၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလာရောင်စဉ် (Women Empowerment & Gender Equality)တို့ပူးပေါင်းပြီး မျိုးဆက်ပွား ကျန်းမာရေးသင်တန်းကို ယနေ့နံနက် ၁၀နာရီအချိန်က အဆိုပါစာကြည့်တိုက်၌ ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် စာရေးဆရာမသက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)မှ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားရာ၌ “မျိုးဆက်ပွားကျန်းမာရေးကို သိရှိနား လည်ခြင်းဖြင့် မိမိကိုယ်မိမိ စောင့်ရှောက်နိုင်ရန် အချိန်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်း၊ မွေးဖွားခြင်းများ မဖြစ်စေရန် လိင်ပိုင်းဆိုင်ရာ အခွင့်အရေးများကို ယဉ်ကျေးမှုနှင့် အညီ ကျင့်သုံးဆောင်ရွက်နိုင်စေရန်” ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သင်တန်းတွင် စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆိုင်ရာ ထောက်ပံ့မှုပေးပုံများကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)