သတင်းများ

ဒေးဒရဲမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်းတွင် ကျောင်းသား မိဘများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Jun 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ် လျက်ရှိသော အမှတ်(၃)ရပ်ကွက်၊ မူလတန်းကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ရင်သွေးငယ်များ၏ သင်ယူလေ့လာ နိုင်စွမ်းနှင့် ကာယ၊ ဉာဏ ဖွံဖြိုးတိုးတက်စေရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ (၁)နာရီက မိဘ အုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံ​ရေး ဆက်လက်ထိုးနှံ​
Jun 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန် နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်း ပါဝင်ဆောင်ရွက် နိုင်ရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် မြို့နယ်နေပြည်သူ များအား Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီထိ အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း ကာကွယ်ဆေးထိုးစုရပ်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ (၁၉,၀၈၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ
Jun 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊
ဖျာပုံမြို့နယ် လိပ်ဥကုန်းဘုန်းတော်ကြီးကျောင်း ပရိယတ္တိစာသင်တိုက် ဓမ္မရိပ်သာကြီးတရားစခန်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အဘိုးအဘွားများအား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသဆောင်ရွက်
Jun 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာနှင့် ဝန်ထမ်းများသည် အမှတ်(၁၇)ရပ်ကွက်ရှိ လိပ်ဥကုန်းဘုန်း တော်ကြီးကျောင်း ပရိယတ္တိစာသင်တိုက် ဓမ္မရိပ်သာကြီးရှိဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ အဘိုးအဘွားများအား
တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းတွင်လာအိုနိုင်ငံမှ နေရပ်ပြန်ရွှေ့ပြောင်းမြန်မာအလုပ်သမား (၂၁၁) ဦးကို မြန်မာတာဝန်ရှိသူများ လက်ခံ
Jun 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား အမျိုးသမီးစုစုပေါင်း (၂၁၁)ဦးကို မြန်မာတာဝန်ရှိသူများက ယမန်နေ့က လက်ခံခဲ့ကြသည်။
မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့်သက်ဆိုင်သော စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ
Jun 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့်သက်ဆိုင်သော စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးနှင့် တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Jun 28,2022
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Jun 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်စေရန်အတွက် အသိပညာပေး TalkShow ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။