သာယာဝတီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံ
Jun 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူ လူထုပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် ဒေသခံပြည်သူများအား Booster Dose ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက ကွက်သစ်ရပ်ကွက်ရှိ ငြိမ်းချမ်းရေး ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကာကွယ်ဆေးထိုးစုရပ်တွင် ထိုးနှံပေးကြောင်း သိရသည်။