သတင်းများ

အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Jan 15,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် " အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး"အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ဆရာ/ ဆရာမများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့နံနက် (၃) နာရီအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ယာယီခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထန်းတပင်မြို့နယ် အခြေခံပညာမူလတန်း (လွန်) သခင်မြကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်
Jan 15,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာမူလတန်း (လွန်) သခင်မြကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ညောင်ဦးမြို့နယ် ဝေမျှခြင်းပရဟိတမိသားစု သောက်သုံးရေ လှူဒါန်း
Jan 15,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေ လိုအပ်လျက်ရှိသော ချောင်းဝကျေးရွာသို့ ဇန်နဝါရီ ၁၅ ရက်၊ နံနက် ၁၀ နာရီအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ လူစီးသုံးဘီးယာဥ် ယာဥ်ပိုင်ရှင်နှင့် ယာဥ်မောင်းများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော
Jan 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် BAJAJ အမှတ်တံဆိပ် လူစီး သုံးဘီးကုမ္ပဏီမှ တာဝန်ယူစီစဥ်သော မြို့နယ်အတွင်းရှိ ပြည်သူများအတွက် လူစီးသုံးဘီးယာဥ် ယာဥ်ပိုင်ရှင်နှင့် ယာဥ်မောင်းများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ဖျာပုံမြို့ ဆရာဇော်ဂျီ စာကြည့်တိုက်တိုးချဲ့ဆောင် ဗေဒါခန်းမ၌ ပြုလုပ်သည်။
လပွတ္တာမြို့နယ်၌ သတ္တမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ကျမ်းမြတ်ပူဇော်ပွဲနှင့် စာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jan 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၇)ရပ်ကွက် အလင်းရောင်လမ်း သိကြားဘုရားကုန်း ကလျာဏကာရီသီလရှင်စာသင်တိုက်၌ သတ္တမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ပူဇော်ပွဲနှင့် စာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၊ အ.လ.က (ခွဲ) မြို့မ (၂) ကျောင်း၏ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 15,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အ.လ.က (ခွဲ) မြို့မ (၂) ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်
Jan 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မီးဘေးအန္တရာယ်စိုးရိမ်ရသည့် (gas) အရောင်းဆိုင်များစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား
Jan 15,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာတွင် ယမန်နေ့ ည ၈ နာရီကျော်အချိန်ခန့်က ထင်းမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။