သတင်းများ

ပန်းတောင်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)မှ စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်
Jan 15,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်သူများ စာပေနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာပေဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတိုင်ပင်ညှိနှိုင်းဆောင်ရွက်တတ်သည့် အလေ့အထများ ဖြစ်ထွန်းလာနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၌ ကျောင်းသား/ သူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်း၊ နံရံကပ်ဘုတ်များနှင့် စာအုပ်/ စာစောင်များ ခင်းကျင်းပြသ
Jan 15,2025
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ သူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်း၊ နံရံကပ်ဘုတ်များနှင့် စာအုပ်/ စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်
Jan 15,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲအစီအစဥ်များကို ပြုလုပ်ကျင်းပခဲ့သည်။
ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer) ဆက်လက်ထိုးနှံပေး
Jan 15,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက် (၁၈) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉‌ ရောဂါထပ်ဆောင်း ကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Jan 15,2025
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ကိုဗစ်-၁၉‌ ရောဂါထပ်ဆောင်း ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံဝန်ထမ်းများမှ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းမှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ် ဂုံမင်းချောင်းကျေးရွာသံပေါင်တံတားနှင့် ချဉ်းကပ်လမ်း တည်ဆောက်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jan 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ဂုံမင်းချောင်းကျေးရွာ သံပေါင်တံတားနှင့် ချဉ်းကပ်လမ်းအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိရာ အဆိုပါ သံပေါင်တံတားနှင့် ချဉ်းကပ်လမ်းတည်ဆောက်နေမှု လုပ်ငန်းအခြေအနေများကို တာဝန်ရှိသူများ ယမန်နေ့က ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြသည်။
လွိုင်လင်မြို့၊ လွယ်ဝိန်းတောင်တော်ပေါ်တွင် တည်ထားကိုးကွယ်သည့် ဆုတောင်းပြည့် ရတနာမာရ်အောင်မင်္ဂလာစုမ့်မိုင်းစေတီတော် ထီးတော်တင်လှူပွဲကျင်းပ
Jan 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ လွယ်ဝိန်းတောင်ပေါ်တွင် တည်ထားကိုးကွယ်သော ဆုတောင်းပြည့် ရတနာမာရ်အောင် မင်္ဂလာစုမ့်မိန်းစေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲကို ယနေ့နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
သာယာဝတီမြို့နယ်အတွင်းမှထွက်သည့် ကွမ်းရွက်ဈေးကောင်းရသဖြင့် ဒေသခံကွမ်းစိုက် တောင်သူများ အဆင်ပြေ
Jan 15,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးကြသည့် ကွမ်းရွက်များ ဈေးကောင်းရသဖြင့် ဒေသတွင်းမှာရှိတဲ့ ကွမ်းစိုက်တောင်သူများ အဆင်ပြေကြကြောင်း ကွမ်းစိုက်တောင်သူအချို့၏ ပြောကြားချက်ရ သိရသည်။