ညောင်ဦးမြို့နယ် ဝေမျှခြင်းပရဟိတမိသားစု သောက်သုံးရေ လှူဒါန်း

ညောင်ဦး ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေ လိုအပ်လျက်ရှိသော ချောင်းဝကျေးရွာသို့ ဇန်နဝါရီ ၁၅ ရက်၊ နံနက် ၁၀ နာရီအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်လျက်ရှိသော ကျေးရွာများ/ တဲတိုက်များသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ လှူဒါန်းပေးလျက်ရှိရာ ချောင်းဝကျေးရွာသို့ သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာ သောက်ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းက ပြောကြား၍ သိရသည်။

ဒီပါလင်း