ကသာ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် " အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး"အကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ဆရာ/ ဆရာမများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့နံနက် (၃) နာရီအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ယာယီခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးငြိမ်းက "အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး" ဆိုင်ရာနှင့်ပတ်သက်၍ အရွယ်သုံးပါးမိန်းမသား၊ ပတ်ဝန်းကျင်ဆိုင်ရာများ ညစ်ညမ်းမှုများ၊ အမျိုးသမီးများ ရင်ဆိုင်ရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများနှင့် ပြဿနာများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၁၂) ချက်၊ အမျိုးသမီးများ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် ဆောင်ရွက်နိုင်မှုများ စသည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများက သိရှိလိုသည်များကို မေးမြန်းဆွေးခဲ့ကြရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိများက ပြန်လည်ဖြေကြားခဲ့ပြီး "အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး" အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(ပြန်/ဆက်)