ဖျာပုံ ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် BAJAJ အမှတ်တံဆိပ် လူစီး သုံးဘီးကုမ္ပဏီမှ တာဝန်ယူစီစဥ်သော မြို့နယ်အတွင်းရှိ ပြည်သူများအတွက် လူစီးသုံးဘီးယာဥ် ယာဥ်ပိုင်ရှင်နှင့် ယာဥ်မောင်းများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က ဖျာပုံမြို့ ဆရာဇော်ဂျီ စာကြည့်တိုက်တိုးချဲ့ဆောင် ဗေဒါခန်းမ၌ ပြုလုပ်သည်။
အဆိုပါ လူစီးသုံးဘီးယာဥ် ယာဥ်ပိုင်ရှင်နှင့် ယာဥ်မောင်းများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောရာတွင် ဖျာပုံခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဦးစီးအရာရှိ ဦးကျော်ကျော်စိုးက အဖွင့်အမှာစကား ပြောကြားပြီး ၊ဖျာပုံခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးဝင်းထွန်းနိုင်က မော်တော်ယာဥ်ဆိုင်ဥပဒေများ၊ တားမြစ်ချက်များ၊ လိုက်နာရမည့် စည်းကမ်းများအား အသိပညာပေး ဟောပြောသည်။ ထို့နောက် အမှတ် (၈၀) ယာဥ်ထိန်းတပ်ဖွဲ့စု (ဖျာပုံ)မှ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲအုပ် ဝိုင်းအောင်ချစ်က ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့်မော်တော်ဆိုင်ကယ် မောင်းနှင်ကြသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန်၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာကြရန် အသိပညာပေး ဟောပြောပြီး ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြသည်။ ဆက်လက်၍ BAJAJ သုံးဘီးကုမ္ပဏီ၏ Project Maneger ဦးမျိုးသီဟက ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါလူစီးသုံးဘီးယာဥ် ယာဥ်ပိုင်ရှင်နှင့် ယာဥ်မောင်းများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်စိုး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစည်သူထက်၊ ဖျာပုံခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးဝင်းထွန်းနိုင်၊ အမှတ် (၈၀) ယာဥ်ထိန်းတပ်ဖွဲ့စု(ဖျာပုံ)မှ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲအုပ် ဝိုင်းအောင်ချစ်နှင့် ဝန်ထမ်းများ၊ BAJAJ သုံးဘီးကုမ္ပဏီ၏ Project Maneger ဦးမျိုးသီဟနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ သုံးဘီးယာဥ် ယာဥ်ပိုင်ရှင်နှင့် ယာဥ်မောင်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)