နတ်မောက်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာနတွင် အသက်(၆)လမှ (၁) နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

နတ်မောက် ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အသက်(၆) လမှ(၁)နှစ်ခွဲ အရွယ်ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်ခန့်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဦးစီး ဌာနရုံးတွင် ထိုးနှံပေးခဲ့သည်။

ထိုသို့ထိုးနှံပေးရာတွင် အသက်(၆)လမှ(၁)နှစ်ခွဲ အရွယ်ကလေးငယ်များကို ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အဆုတ်ရောဂါ ကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင် အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုဆေး၊ မေးခိုင်ရောဂါ ကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို တစ်လလျှင် တစ်ကြိမ် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

လှဝင်း