မိုင်းငေါ့ ဇူလိုင် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၁၀၁) ခြေမြန် တပ်မဌာန ချုပ် အမှတ် (၁၀၁၁) နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ခေတ္တနည်းဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီးအောင်ခိုင်ဝင်း ဦးစီး၍ နည်လှည့်ဆေးကုသရေးအဖွဲ့ သူနာပြုအရာရှိ ဗိုလ်ကြီးထိန်လင်းဝင်း ဦးဆောင်သောအဖွဲ့သည် မိုင်းငေါ့ မြို့ပေါ်ရှိ ပြည်သူများနှင့် အနီးဝန်ကျင် ကျေးရွာများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ဆေးကုသမှုကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ နယ်လှည့် ဆေးကုသရေူအဖွဲ့ သူနာပြုအရာရှိ ဗိုလ်ကြီးထိန်လင်းဝင်း နှင့်အဖွဲ့မှ ပြည်သူများ၏ အထွေထွေရောဂါများဖြစ်သော သွေးတိုး၊ နှလုံး၊ ဆီးချို စသည့် ရောဂါများအတွက် မြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာများမှ ဆေးလာရောက်ကုသလျှက်ရှိ ကြပြီဆေးခန်းသို့ မလာ ရောက်နိုင်သော လူနာများကိုလည်း ဆေးကုသရေးအဖွဲ့မှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ဆေးကုသမူများသွာရောက်ဆောင်ရွက်ပေးလျက်ရှိ ကာလူနာများအား လိုအပ်သည်များကိုကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆေးကုသမှုကိုအပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေ နေ့ရက်များတွင် နံနက် (၉)နာရီမှ နေ့ လယ် (၂) နာရီ အထိဆေကုသပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)