ပန်းဘဲတန်းမြို့နယ် (Community Centre) ခန်းမ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် (အကြို)စာဖတ်ဝိုင်း ကျင်းပ

ပန်းဘဲတန်း  ဇူလိုင် ၃

ဇူလိုင် ()ရက်​နေ့တွင်  ကျ​ရောက်မည့် ( ၂၆ )ကြိမ်​မြောက် မြန်မာအမျိုးသမီးများ​နေ့ အထိမ်းအမှတ်(အကြို) စာဖတ်ဝိုင်းဆွေး​နွေးပွဲကို ယ​မန်နေ့နေ့လယ်( :၃၀ )နာရီအချိန်က ရန်ကုန်တိုင်း​ဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ် ၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ​ ဒေါ်ကြည်ကြည်နွဲ့က ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမ တင်ထက်ထက်ဇော် (ပေါက်ပေါက်)က စာရေးဆရာ တင်နိုင်တိုး ရေးသားသော “ ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ     ဆရာမက ပါလီမန်​ခေတ်ဆိုတာ ၁၉၄၈ ဇန်နဝါရီ လ ၄ရက်​နေ့မှစ၍ လွတ်လပ်​ရေးရပြီး ၁၄နှစ် တာကာလသည် ပါလီမန်​ခေတ်ဖြစ်ပါ​ကြောင်း၊ ပါလီမာန်​ခေတ်တွင် ကဏ္ဍစုံမှထူးချွန် အမျိုးသမီး (၅၀)တို့၏ အတုယူရမည့် စိတ်ဓာတ်နှင့်လေးစားအားကျဖွယ်ရာ ဆောင်ရွက်ချက်များအ​ကြောင်း၊ ယ​နေ့​ခေတ် မြန်မာအမျိုး သမီးများအ​နေနဲ့ တစ်ပါးသူကိုအမှီအခိုကင်းစွာ ​နေထိုင်နိုင် ရန်၊ စာ​ပေကို​ လေ့လာဖတ်ရှုခြင်းဖြင့်လည်း အမှားကင်းစွာ ဆောင်ရွက်နိုင်မှာဖြစ်ပါ​ကြောင်း၊ တန်ဖိုးရှိလှ မြန်မာအမျိုးသမီးဘဝဖြစ်​​အောင် ကြိုးစားရမှာဖြစ်ပါ​ကြောင်း၊ အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းရမှာလည်း အမျိုးသမီးများရဲ့ တာဝန်ပင်ဖြစ်ပါ​ကြောင်းဆွေး​နွေးခဲ့ပါသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ စာရေးဆရာမ တင်ထက်ထက်ဇော် (ပေါက်ပေါက်)က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)