ရွှေပြည်သာ ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာရေးလုပ်ငန်းများဖြစ်သော၊ ရေစီးရေလာ ကောင်းမွန်စေရန် မြောင်းများတူးဖော်ခြင်း၊ ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့်ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၄)ခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သွေးသွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဖြစ်သော အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ရွှေပြည်သာမြို့အမှတ်(၄ )အခြေခံပညာအထက်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း