လှည်းကူးမြို့နယ်၊ စျေးကြီးရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

လှည်းကူး ဇူလိုင် ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၊ စျေးကြီးရပ်ကွက်တွင် မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေး ခတ်ခြင်းနှင့်ဖုံး၊ သွန်၊ လဲ၊စစ် လုပ်ငန်းများကို ယမန်နေ့နံနက် (၈)နာရီက မြို့နယ်စည်ပင်သာယာအဖွဲ့ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များတို့က ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ်၊ စျေးကြီးရပ်ကွက်အတွင်းရှိ နေအိမ်များ၌ ရေကန်၊ ရေစည်၊ ရေအိုးများ၊ မိုးရေတင်နိုင်သောခွက်၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ အုန်းမှုတ်ခွက် ၊ ညောင်ရေအိုး၊ ပန်းအိုးများတွင် ပိုးလောက်လန်း ကာကွယ်ရေးအဘိတ်ဆေးများခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့