သံတောင်ကြီး ဇူလိုင် ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ဇိုင်းယာနှစ်ခြင်းဘုရားကျောင်းရှိ လူငယ်များက ဦးဆောင်ဖွင့်လှစ်သည့် တယာသင်တန်း ဆင်းပွဲကို ယမန်နေ့နေ့လယ်(၃)နာရီအချိန်က ဇိုင်းယာန်း နှစ်ခြင်းဘုရားကျောင်းခန်းမ၌ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါတယောသင်တန်း ဆင်းပွဲတွင် ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ လူငယ်ဥက္ကဋ္ဌ ဦးစောဂေဒိုစိုးက အသင်းတော်မှာရှိသည့်လူငယ်များဂီတနဲ့ ပတ်သက်တဲ့ တူရိယာပစ္စည်းမျိုးစုံကို တတ်ကျွမ်းစေရန်၊ အားလပ်သည့်ချိန်များတွင် ဂီတပညာတစ်ခုခုကို ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်စွာတီးခတ်တတ် နိုင်စေရန်၊ ဂီတနဲ့ပတ်သက်ပြီး ထူးချွန်ထက်မြက်တဲ့လူငယ်များမွေးထုတ်နိုင်စေရန်အတွက် တယော ပညာရှင်ဆရာတစ်ဦးကိုဖိတ်ခေါ်အကူအညီတောင်းခံ သင်ကြားပေးပြီး လူငယ်များအနေဖြင့် တယောကိုထိုက်သင့်သလောက်တီးခတ်နိုင်ပြီဖြစ် ကြောင်းပြောကြားခဲ့သည်။
အဆိုပါတယောသင်တန်းတွင် တယောနည်းပြသင်တန်းဆရာ(၂)ဦးက သင်ကြားပေးခြင်းဖြစ်ပြီးသင်တန်းသူ/သင်တန်းသား(၄၀)ဦးတက်ရောက်ကြောင်းသိရသည်။
စောမင်းသား(ပြန်/ဆက်)