ကံမမြို့နယ်၌ မဲစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများ စတင်ဆောင်ရွက်

ကံမ ဇူလိုင် ၆

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် မဲစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့က အမှတ်(၃)ရပ်ကွက်၊ ဂျွန်းတောင်ကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာအုပ်စုနှင့် ကင်းကျေးရွာအုပ်တို့၌ စတင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်ကျေးရွာ စာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အရာရှိနှင့် ဝန်ထမ်းများက မဲစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ကို ရပ်ကွက်ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျဝင်း (ကံမ)