တံတားဦး ဇူလိုင် ၆
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား/သူများအား ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကို တံတားဦးမြို့နယ် တောင်ပြုံးအခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိ သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများက အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ဦးတည်စု၌ ကျန်းမာရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ဆေးထိုးပြီးသူများအား မိနစ်(၃၀) ခန့် စောင့်ကြည့်ခြင်းများ ဆောင်ရွက်ပေးကြသည်။
တံတားဦးမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၈)ကျောင်း၊ အလယ်တန်းကျောင်း(၁၁)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၈)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၇)ကျောင်း၊ မူလတန်းကျောင်း(၆၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း (၉)ကျောင်း၊ စုစုပေါင်း(၁၃၀)ကျောင်းရှိရာ အသက်(၅)နှစ်မှ (၁၂)ထိ ပထပမအကြိမ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသူ ကျောင်းသား/သူပေါင်း (၈၀၈၇)ဦးဖြစ်ပြီး၊ ယနေ့တွင် ဒုတိယအကြိမ် ကာကွယ်ဆေးကို အ.ထ.က တောင်ပြုံး၊ အ.ထ.က မြင်းသည်၊ အထ.က ချောင်းခွ၊ အ.ထ.က (ခွဲ) ပြူကန်၊ အ-မ-က မြစ်သာ ကျောင်းတို့၌ ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ တံတားဦးမြို့နယ် အနေဖြင့်ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီး အခြေခံပညာကျောင်းပေါင်း(၂၂)ကျောင်း၊ ကျောင်း သား (၇၇၈)ဦး၊ ကျောင်းသူ (၇၀၇) စုစုပေါင်း (၁၄၈၅)ဦး ထိုးနှံပြီးကြောင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အခြေခံပညာကျောင်းများကို ဆက်မလက်ထိုးနှံပေးမည်ဖြစ်ကြောင်း၊ ဒါ့အပြင် ကာကွယ်ဆေးကို ဆေးထိုးစုရပ်များခွဲ၍ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်း သား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်ဖြင့်သာ ကာကွယ်ဆေးထိုးနှံပေးကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန်ထံမှ သိရသည်။
ရဲတင့်