ကရသူရိမြို့၌ ကျောင်းသား/ သူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်း၊ နံရံကပ်ဘုတ်များနှင့် စာအုပ်/ စာစောင်များ ခင်းကျင်းပြသ

ကရသူရိ ဇန်နဝါရီ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ သူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်း၊ နံရံကပ်ဘုတ်များနှင့် စာအုပ်/ စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက လူငယ်/ လူရွယ်များသည် အသိပညာဗဟုသုတများ ပြည့်စုံပြီး ထူးချွန်ထက်မြက်ရန် လိုအပ်ကြောင်း၊ အမျှော်အမြင်များပြည့်ဝခြင်း၊ သွက်လက်ထက်မြက်၍ ရိုးသားကြိုးစားကြရန် လိုအပ်ကြောင်း၊ လူငယ်အချင်းချင်း ရိုင်းပင်းကူညီစိတ်ရှိခြင်းနှင့် ကျောင်းစာများသာမက ပြင်ပဗဟုသုတများတိုးပွားရေး  စာအုပ်/ စာပေများ လေ့လာဖတ်ရှုကြရန် လိုအပ်ကြောင်းတို့ကို ပြောကြားသည်။     

ထို့နောက် လူငယ်ဆိုင်ရာများဖြစ်သည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူငယ်/ လူရွယ်များဘဝတိုးတက်ရေး၊ လိုက်နာဆောင်ရွက်ရေးနှင့် ကျန်းမာစွာနေထိုင်နိုင်ရေး အသိပညာပေး နံရံကပ်ဘုတ်များ၊ နံရံကပ်စာစောင်များနှင့် စာအုပ်/ စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသား/ သူများက လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။                             

ကရသူရိ(ပြန်/ဆက်)