ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉‌ ရောဂါထပ်ဆောင်း ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ကော့ကရိတ် ဇန်နဝါရီ ၁၅

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ကိုဗစ်-၁၉‌ ရောဂါထပ်ဆောင်း ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံဝန်ထမ်းများမှ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းမှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့ပေါ် ရပ်ကွက်အတွင်း နေထိုင်သည် မိဘပြည်သူများ  အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ဖြစ်ပွားတက်သည့်ရောဂါများ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရေးအတွက် ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံ၌ ဂျာမနီနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ကို ဇန်နဝါရီလ (၁၄) ရက်နေ့မှစ၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/‌ဆက်)