ဘိုကလေးမြို့နယ် ဂုံမင်းချောင်းကျေးရွာသံပေါင်တံတားနှင့် ချဉ်းကပ်လမ်း တည်ဆောက်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဘိုကလေး ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ဂုံမင်းချောင်းကျေးရွာ သံပေါင်တံတားနှင့် ချဉ်းကပ်လမ်းအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိရာ အဆိုပါ သံပေါင်တံတားနှင့် ချဉ်းကပ်လမ်းတည်ဆောက်နေမှု လုပ်ငန်းအခြေအနေများကို တာဝန်ရှိသူများ ယမန်နေ့က ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်လင်းနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ယူတည်ဆောက်နေသူများထံ မှာကြားခဲ့ကြကြောင်း၊ ယခုတည်ဆောက်နေသည့် ဘိုကလေးမြို့နယ်၊ ဂုံမင်းချောင်းကျေးရွာ သံပေါင်တံတားနှင့် ချဉ်းကပ်လမ်းပြီးစီးပါက ဂုံမင်းချောင်းကျေးရွာပတ်ဝန်းကျင်ရှိ ကျေးရွာ(၁၀)ရွာ၊ အိမ်ခြေ(၄၇၈၀)စု၊ လူဦးရေ(၆၄၅၀)တို့အတွက် လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်များအပြင် လူမှုစီးပွားဘဝကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)