ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer) ဆက်လက်ထိုးနှံပေး

ပိုင်ကျုံ ဇန်နဝါရီ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက် (၁၈) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံးမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများတို့က အသက် (၁၈) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ကို ဇန်နဝါရီလ ၁၄ ရက်‌ နေ့မှ ၁၆ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကာကွယ်ဆေးသည် ဂျာမနီနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်ကာကွယ်‌‌ဆေးဖြစ်ပြီး ကာကွယ်ဆေးအား ထပ်ဆောင်းထိုးနှံပေးခြင်းအားဖြင့် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ဖြစ်ပွားတတ်သည့်ရောဂါများ ကူးစက်ခံရပါက ပြင်းထန်မှုနှင့်သေဆုံးမှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။

နော်ခူး(ပြန်/ဆက်)