မြို့သစ်မြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

မြို့သစ် ဇူလိုင် ၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ ကြည်လွင်မြင့်(မုဒြာ)၏ “ဆီးချိုသွေးချိုရောဂါအစ အအေးကြိုက်ခြင်းကအစနှင့် ကျန်းမာအောင်နေထိုင်နည်းများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ရာ တက်ရောက်လာသည့် စာပေဝါ သနာရှင်များ၊ (Book Club) အဖွဲ့ဝင်များမှ ဆီးချိုသွေးချိုရောဂါဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)