ပိုင်ကျုံမြို့တွင် စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ပိုင်ကျုံ ဇူလှိုင် ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ယနေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြပွဲပြိုင်ပွဲတွင် ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ(၉)ဦးက မူးယစ်ကင်းစင်တို့‌ကျောင်းတစ်ခွင်‌ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ကြပြီး၊ နံကပ်စာစောင်ပြပွဲကို ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရယ်နှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများကို ကျောင်းသား/သူများအား အသိပညာဗဟုသုတရရှိစေရန်အတွက် နံရံကပ်စာစောင်အဖြစ် ပြသဆောင်ရွက်ခဲ့ပါသည်။

ပိုင်ကျုံမြို့ အ.ထ.က‌ ကျောင်းတွင် နေ့ထူးနေ့မြတ်များ၊ နှစ်ပတ်လည်နေ့အထိမ်းအမှတ်များနှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေမည့် အကြောင်းအရာများကို ကျောင်းသား/သူများအား ဗဟုသုတပိုမိုရရှိစေရန် ရည်ရွယ်ပြီး ပြသဆောင်ရွက်လျက်ရှိကြောင်း၊ ပြသဆောင်ရွက်လျက်ရှိသော နံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုလျက်ရှိကြောင်း၊ ပြပွဲပြိုင်ပွဲများကို လစဉ်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နော်ခူး(ပြန်/ဆက်)