မြန်အောင်တွင် ရေပြင်အသက်ကယ်ရှာဖွေရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

မြန်အောင် ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက မြန်အောင်မြို့ အမှတ် ၃ ရပ်ကွက်၊ ဧရာဝတီမြစ် နေခြည်စျေးမော်တော်ဆိပ်တွင် ယနေ့နံနက်က ရေပြင် အသက်ကယ်ရှာဖွေရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေပြင် အသက်ကယ်ရှာဖွေရေး ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်မီးသတ် ဦးစီးမှူး ဦးဆောင်၍ ဒုဦးစီးမှူး ဦးသန်းဝင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်(၁၁)ဦးတို့က ဧရာဝတီမြစ်အတွင်း ရှာဖွေ ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ကြပြီး ဧရာဝတီမြစ်ရေတက်နေသည့်အတွက် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)