ပေါက်ခေါင်းမြို့နယ်၌ မိုးရာသီစိုက် နေကြာသီးနှံ စိုက်ပျိုးဖြစ်ထွန်းမှုအား ကွင်းဆင်းကြည့်ရှု

ပေါက်ခေါင်း ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်  မိုးရာသီတွင် စိုက်ပျိုးသည့် ချောင်းကျိုးကျေးရွာတောင်သူ ဦးမောင်လေး၏ ယာမြေတွင် စိုက်ပျိုးထားသော မိုးနေကြာမျိုးစေ့ထုတ်(၅)ဧက  အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းများက ယမန်နေ့က အဆိုပါစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ဆီထွက်သီးနှံများကို ယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးထားရှိရာ နေကြာစိုက်ခင်းများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာအရောက်ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေး ပြောကြားခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ ချောင်းကျိုးကျေးရွာရှိ အောင်မြင်ဖြစ်ထွန်းသည့် နေကြာစိုက်ခင်းသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)