မိုးနဲမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

မိုးနဲ ဇူလိုင် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က အသက် ၅ နှစ်မှ အသက် ၁၂ နှစ် အတွင်းရှိ Grade 1 မှ Grade 5 အဆင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို  ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ Grade 1 မှ Grade 5 အဆင့်ရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်ပညာရေးဌာနမှဆရာ/ဆရာမများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းကာ ကျောင်းသား/ကျောင်းသူ ၂၉၇ ဦးစာရင်းပေးသွင်းထားသည့်အနက် လာရောက်ထိုးနှံသည့် ၂၉၀ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇူလိုင်လ ၅ ရက်နေ့မှ စတင်ထိုးနှံ ပေးလျက်ရှိရာ ယနေ့ထိ ၅၃၅ ဦးကို ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)