ကျောက်ဆည်မြို့၌  မြို့ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်နေသည့် ဖောင်ရွာ၊ တောင်နံ့သာ၊ ဌက္ကတောင် လမ်းပိုင်းအား ကတ္တရာခင်းခြင်းများစတင်ဆောင်ရွက်

ကျောက်ဆည် ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသည့် ဖောင်ရွာ၊ တောင်နံ့သာ၊ ဌက္ကတောင်လမ်းပိုင်းအား ကတ္တရာခင်းခြင်းလုပ်ငန်းများကို စည်ပင်သာယာရေးအဖွဲ့မှတာဝန်ယူပြီး ကတ္တရာခင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖောင်ရွာ၊ တောင်နံ့သာ၊ ငှက္ကတောင် လမ်းပိုင်းအားမန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ရန်ပုံဖြင့် အရှည်(၁၂၃၅)ပေ၊ အကျယ် (၁၈) ပေ၊ထု(၉)လက်မ ကတ္တရာခင်းခြင်းလုပ်ငန်းဖြစ်ပြီး လုပ်ငန်းများ သတ်မှတ်အချိန် သတ်မှတ်ကာလအတွင်းပြီးစီးရေး စနစ်တကျဆောင်ရွက် လျက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် လိုအပ် လျက်ရှိသည့် လမ်းပိုင်းများ၊ တံတားများ၊ ရေနုတ်မြောင်းများအား ပြုပြင်ပေးခြင်း၊ လမ်းဘေးဝဲ/ယာများတွင် သန့်ရှင်းရေလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ လမ်းမီးတိုင်များနှင့်မီးလုံးများအား အသစ်ပြောင်းလဲပေးခြင်း၊ အရိပ်ရအပင်များနှင့်ပန်းအလှပင်များစိုက်ပျိုးခြင်း စသည့်လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)