ကသာ ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အ.ထ.က(၃)ကျောင်း၌ ဩဂုတ်လ ၃၀ ရက်နေ့တွင် မြို့နယ်အဆင့် လူကုန်ကူးမှုအထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက် (၁၀)နာရီအချိန်က အထက်တန်း/ အလယ်တန်း အဆင့်အလိုက် စာစီစာကုံးပြိုင်ပွဲကို သက်ဆိုင်ရာ စာသင်ခန်းများအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ပြည်သူလူထုတရပ်လုံးတွင် “လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်း၏” အရေးပါပုံနှင့် စာသင်ကျောင်းများတွင် “လူကုန်ကူးခံရခြင်း (သို့မဟုတ်) လူ့အခွင့်အရေး ချိုးဖောက်ခြင်းအကြောင်း” ကို ပိုမိုသိရှိလာစေရန်၊ ကျောင်းလုပ်ငန်းစဉ်နှင့် ပတ်သက်သော အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ပညာရေးသည် နိုင်ငံအတွက်အရေးပါဆုံး၊ လူငယ်များအတွက် စာဖတ်သည့် အလေ့အကျင့်များ တိုးတက်လာရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက ပြောကြားသည်။
စာစီစာကုံးပြိုင်ပွဲတွင် “လူကုန်ကူးမှုကို ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းတိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ အဆိုပါကျောင်းမှ ဝင်ရောက်ယှဉ်ပြိုင်သူ အထက်တန်းဆင့် (၂၀)ဦး၊ အလယ်တန်းဆင့်(၃၂)ဦး၊ စုစုပေါင်းပြိုင်ပွဲဝင် (၅၂)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)