ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) အစည်းအဝေးတက်ရောက်

မြစ်ကြီးနား သြဂုတ် ၃၁

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး၌ ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အခမ်း အနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ရှေးမြန်မာမင်းများ လက်ထက်မှစ၍ ကုန်းဘောင်ခေတ်တိုင်အောင် တရား ဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြစ်မှုဆိုင်ရာဌာနနှင့် ဥပဒေဌာနတို့ကို ဖွဲ့စည်းပြီး နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ကြောင်း၊ ယနေ့ ဥပဒေအရာရှိ များအနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ မိမိတို့လုပ်ငန်းတာဝန်များကို ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ဥပဒေအရာရှိ ကျင့်ဝတ်များနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် မိမိတို့၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပေးရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား တရားစီရင်ရေးကဏ္ဍ များအား အပြန်အလှန် ထိန်းကျောင်းရေးကိစ္စများတွင် ပို၍ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူ များအတွက် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုရှိစေရေး၏ ပုံရိပ်ကို ပိုမိုပေါ်လွင်စေရေးအတွက် ဥပဒေ ရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲသတ်မှတ်ဖွဲ့စည်းရခြင်းတို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် နှင့် ဥပဒေအရာရှိများက စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ် လယ်ယာစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂)ကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာမြေအရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စိစစ်ခွင့်ပြုဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများ၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ ညှိနှိုင်းဆောင်ရွက်ကြရေး မှာကြားသည်။

ထို့နောက် ပြည်နယ်အဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးသန်းမြင့်က လယ်မြေနှင့် လယ်ယာမြေများကို အခြားနည်း အသုံးပြုခွင့် လျှောက်ထားလာ သည့် လုပ်ငန်းစာတွဲများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းမှ လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများနှင့် ပုံစံ-၇ ပျက်စီး/ပျောက်ဆုံး လျှောက်ထားလာသည့် လုပ်ငန်း စာတွဲများကို တင်ပြကြရာ ပြည်နယ်အဖွဲ့ဝင်များက စိစစ်သုံးသပ်တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)