တွံတေးမြို့ အ.မ.က(မူလွန်)ရွှေဆံတော်၌ စာဖတ်ရှိန်မြှင့်မားလာစေရေး စာသင်ကျောင်းအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

တွံတေး ဩဂုတ် ၃၀

ရန်ကုန်တိုင်းတိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာရေးဌာနနှင့်ပူးပေါင်း၍ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ကလေးငယ်များ စာ​​ပေကိုပိုမို တန်ဖိုးထားတတ်စေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်၊​​ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် ရည်ရွယ်ကာ စာသင်ကျောင်းများသို့အရောက်သွားရောက်၍ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေးတို့အတွက် ရွေ့လျားစာကြည့်တိုက်(Mobile Library)အား ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(မူလွန်)ရွှေဆံတော်သို့  ကလေးဖတ် သုတ၊ ရသစာအုပ်စာစောင်မျိုးစုံကို သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။ 

အ.မ.က(မူလွန်)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ စာပေကိုအလွယ်တက ဖတ်ရှုလေ့လာနိုင်စေရန် စာအုပ်များငှားရမ်းပေးရာ၌ ရုပ်ပြနှင့်အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ်စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တတစ်ပတ်လျှင်(တစ်ကြိမ်)လဲလှယ်သည့် စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် စာအုပ်စာစောင်များ ခင်းကျင်းပြသပေးကာ ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ မိုးသောက်ပန်းဂျာနယ်များ၊ စာစောင်များ၊ ရွှေသွေးဂျာနယ်များစသည့် ကလေးများ အသိပညာ၊ ဗဟုသုတတိုးပွားရေး စာအုပ်စာပေများကို  ဖတ်ရှုကြစေရာ ကျောင်းသား၊ ကျောင်းသူများစိတ်ပါ၀င်စားစွာ ငှားရမ်းဖတ်ရှုလေ့လာကြပြီး စာအုပ်၊ စာစောင်များဌားရမ်းကြခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

တွံတေးသား