ရန်ကင်း သြဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ရန်ကင်းမြို့နယ် အမှတ်(၁၃)ရပ်ကွက်၊ မြနန္နာလမ်း၊ အမှတ် (၂၉၈)ရှိ အလုပ်သမားဝန်ကြီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)တို့ ပူးပေါင်းဖွင့်လှစ်သည့် လေအေးပေးစက် တပ်ဆင်/ပြုပြင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၀၈:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့ တက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံမှာရှိတဲ့ ကလေးအလုပ်သမားတွေအတွက် လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေပေးနိုင်ရန်၊ ပညာရေးအခွင့်အလမ်းများ တိုးတက်ရရှိစေဖို့နဲ့ အသက်မွေးဝမ်းကျောင်းပညာများ သင်ယူမှုအခွင့်အလမ်းများရရှိပြီး သင့်တော်ကောင်းမွန်တဲ့ အလုပ်အကိုင်များ ရရှိစေနိုင်ဖို့ အမျိုးသားအဆင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်တွေ ရေးဆွဲပြီး သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းရင်း သားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အရိုင်စီမံအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/သူ (၂၅)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)