ရွှေကျင်မြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ‌ ဆောင်ရွက်

ရွှေကျင် ဩဂုတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ကျွဲတဲရပ်ကွက်၊ အခြေခံပညာအထက်တန်း‌ကျောင်း (ရွှေကျင်)ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်က အဖွင့်စကားပြောကြားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရွှေကျင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်ဇင်ဝင်းက သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်၍ ကြုံတွေမှုဖြစ်ပေါ်လာပါက ရှောင်ရန်၊ ဆောင်ရန်အချက်များနှင့်ပြည်သူများအား ကူညီဆောင်ရွက်ပေးမှုများ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးဇော်ညီညီလွင်က မီးဘေးအန္တရာယ်အကြောင်းနှင့် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ပြည်သူများအား ကူညီဆောင်ရွက်ပေးမှုများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ပြုံးပြုံးရီက ကလေးသူငယ်အခွင့်အရေးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်သဲစုအောင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းများနှင့် လူကုန်ကူးခံရပါက ခံစားရသည့်ဒုက္ခများ၊ အသီးသီးဟောပြောဆွေးနွေးကြသည်။

ဆက်လက်ပြီး ရွှေကျင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်ဇင်ဝင်းက အထက(ရွှေကျင်)ကျောင်း လက်သန့်ဆေးရည်ဗူးများ၊ သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန်အချက်များပါဝင်သည့် ဗီနိုင်းပိုစတာများကို ကျောင်းဆရာမတစ်ဦးသို့ ပေးအပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)