သင်္ဃန်းကျွန်း သြဂုတ် ၃၀
ပြည်သူများ၊ လူငယ်လူရွယ်များ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရန်နှင့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိနိုင်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ငလျင်၊ မုန်တိုင်း၊ မီးဘေး၊ လေဘေး၊ မြေပြိုကျမှု စသည့် သဘာဝဘေးအန္တရာယ်တို့နှင့် ပတ်သက်သော အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉:၃၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးအရာရှိ ဒေါ်လှလှနွယ် က သဘာဝဘေးများသည် အချိန်၊ ကာလ၊ ရာသီမရှိဘဲ အချိန်အခါမရွေး၊ ရာသီမရွေးဖြစ်ပေါ်နိုင်၍ ရင်ဆိုင်ကြုံတွေ့ရပါက ရင်ဆိုင်ဖြေရှင်းနိုင်ရန် မည်ကဲ့သို့ပြင်ဆင် ဆောင်ရွက်သင့်ကြောင်းကို မေးမြန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာန၊ ဦးစီးအရာရှိ ဦးသူရိန်အောင်က မုန်တိုင်းအတွက်ကြိုတင် ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန် တွင်ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားရမည့်အချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံးသည် ပြည်သူများအသိပညာတိုးပွားစေရန်အတွက် Talk Show များကို ရိုက်ကူးပြီး We Love Thingangyun Facebook page တွင်ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။
ကိုဘုန်း(သင်္ဃန်ကျွန်း)