ဒဂုံဆိပ်ကမ်း သြဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၉၈ ရပ်ကွက်၊ စက်မှုဇုန်(၁)၊ ဒေါ်ဖွားရှင်လမ်းရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၊ ကနောင်ခန်းမတွင် ယနေ့နံနက်(၉)နာရီက အထည်ချုပ်လုပ်သားကျွမ်းကျင်မှု စစ်ဆေးရေး(Assessor Methodology Training)သင်တန်း(ဒုတိယနေ့)အဖြစ်သင်ကြားပို့ချခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများဖြစ်သည့် Arao၊ Hahae၊ ဒဂုံဆိပ်ကမ်း၊ အာရှနဂါး၊ ဖုယွင်၊ Real Star၊ Mayfair Yangon Pan Pacific၊ World Full၊ APAC အထည်ချုပ်စက်ရုံများမှ အလုပ်သမား(၆၀)ဦး တက်ရောက်ခဲ့သည်။ သင်တန်းကာလမှာ (၂၉.၈.၂၀၂၂)ရက်နေ့မှ(၂.၉.၂၀၂၂)ရက်နေ့အထိ ၅ ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းဆရာများဖြစ်သည့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်မျိုးဇာ၊ နည်းပြအရာရှိဒေါ်စိုးယုမွန်၊ ဦးစီးအရာရှိဒေါ်ယဉ်ယဉ်နိုင်တို့မှ သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)