တောင်သာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောအဖွဲ့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

တောင်သာ ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က မကျည်ပင်တဲကျေးရွာနှင့် လှည်းကူးမကျေးရွာ မာရဝိန်ဘုရားကျောင်းဝန်းအတွင်း၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရနှင့် အဖွဲ့ဝင်များဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့သည် မကျည်းပင်တဲကျေးရွာနှင့် လှည်းကူးမကျေးရွာသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက အမှာစကားပြောကြားပြီး နောက် ဌာနဆိုင်ရာအကြီးအကဲများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး ဒေသခံပြည်သူများမှ  ကျေးရွာလိုအပ်ချက်များ တင်ပြဆွေးနွေးရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သော လျှပ်စစ်မီးရရှိမှု၊ မှတ်ပုံတင်အသစ်ပြုလုပ်ပေးရန်၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ လမ်းရရှိရေး ဆွေးနွေးခဲ့ သည့်အပြင် ပြည်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ရာ သက်ဆိုင်ရာ ဌာနများမှ ပြန်လည်ရှင်းလင်းခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်စိုးက ဖြည့်စွက်ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)