တောင်သာ ဩဂုတ် ၃၁
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် လှည်းကူးမကျေးရွာ ဘုရားဝန်းအတွင်း ဩဂုတ်လ (၂၉) ရက် နေ့လယ် (၃) နာရီခန့်မှ စတင်၍ စာအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီရောင်းချနေမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရနှင့်အဖွဲ့ဝင်များ၊ တောင်သာမြို့ ဆီကုန်သည်ကြီးများအသင်းတို့မှ ကြီးကြပ်၍ ရောင်းချပေးလျက်ရှိပြီး လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချခြင်းဖြစ်ကြောင်းနှင့် လှည်းကူးမကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ရောင်းချရာတွင် အိမ်ထောင်စု(၅၀၀)၊ တစ်အိမ်ထောင်လျှင် စားသုံးဆီတစ်ပိဿာနှုန်းဖြင့် စားအုန်းဆီ (၁) ပိဿာလျှင် (၄၁၀၀) ကျပ်နှုန်းဖြင့် ရောင်းချခြင်းဖြစ်ကြောင်းနှင့် အခြေခံလူတန်းစား များ စားသုံးဆီဖူလုံစေရေးအတွက်ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကြောင်းနှင့် နောက်ရက်များတွင် လည်း ကျန်သည့်ကျေးရွာများသို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း တောင်သာမြို့ ဆီကုန်သည်ကြီးများအသင်းမှ ပြောကြားချက်အရ သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)