ပန်းတောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ပညာရေးဝန်ထမ်းများ၏ သား/သမီးများအား ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ

ပန်းတောင်း သြဂုတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင့်ခဲ့ကြသော ပညာရေးဝန်ထမ်းများ၏ သား/သမီး များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန့်နေ့ နံနက်ပိုင်းက အ.ထ.က ပန်းတောင်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ညီမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ဆွေမှ ဂုဏ်ပြုဆုများပေးအပ်ပြီး အခမ်းအနားပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ပညာရေးဝန်ထမ်းများ၏ သား/သမီး (၁၇)ဦး ရိုးရိုးအောင် (၆)ဦးအား    ငါးသောင်းကျပ်စီဖြင့် လည်းကောင်း၊ တစ်ဘာသာဂုဏ်ထူးရှင် (၅) ဦးအား တစ်သိန်းကျပ်စီဖြင့်လည်းကောင်း၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁) ဦးအား နှစ်သိန်းကျပ် ကို လည်းကောင်း၊ သုံးဘာသာ ဂုဏ်ထူးရှင်(၂)ဦးအား သုံးသိန်းစီဖြင့် လည်းကောင်း၊ လေးဘာသာဂုဏ်ထူးရှင်(၃)ဦးအား  လေးသိန်းကျပ်စီဖြင့် လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ညီ အဖွဲ့ဝင်(၂) ဦးအေးကြိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးမြင့်ဆွေ၊ ပန်းတောင်း အထကကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမူတို့မှ အသီးသီးဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် ပန်းတောင်းမြို့နယ် ပညာရေးဝန်ထမ်းများ၏ သား/သမီးများအား ဂုဏ်ပြုဆုငွေ (၂၈) သိန်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ညီ အဖွဲ့ဝင်(၂) ဦးအေးကြိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ဆွေ ဖိတ်ကြားထားသော ပညာရေးဝန်ထမ်း ဆရာ/ဆရာမများနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)