မြို့သစ် ဩဂုတ် ၃၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်လုပ်ငန်း၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ၏ လမ်းညွှန်မှုဖြင့် လိုင်းတာဝန်ခံ လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်နေ ပြည်သူများလျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့ညက မြို့နယ်အတွင်းပေးပို့ဖြန့်ဝေသည့် ဓာတ်အားလိုင်းထရန်စဖော်မာမှ ဓာတ်အားဖြန့်ဖြူးပေးထားသော Feeder မှ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန် Breaker အသစ်လဲလှယ်တပ်ခြင်းလုပ်ငန်းနှင့် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ လျှပ်စစ်လိုင်းတာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့က မြို့ပေါ်ရပ်ကွက်နေပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရန်အတွက် ၄၀၀ဗို့ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ထရန်စဖော်မာမှ ဓာတ်အားဖြန့်ဖြူးပေးထားသော Feederမှ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် Breaker အသစ်လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းများကို စစ်ဆေးထိန်းသိမ်းပြုပြင် ဆောင်ရွက်ပေးခဲ့ကြသည်။
ယခုအခါ မြို့သစ်မြို့နယ်အတွင်းရှိ ထရန်စဖော်မာမှ ၄၀၀ ဗို့ ဓာတ်အားလိုင်း Feeder အား Breaker အသစ်လဲလှယ် တပ်ဆင်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ မြို့ပေါ်ရပ်ကွက်နေပြည်သူများအတွက် လျှပ်စစ်ဓါတ်အား ဖြန့်ဝေလွှတ်ပေးထားချိန်တွင် စိတ်အေးချမ်းသာစွာဖြင့် ရယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)