သတင်းများ

ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပြည်သူများ သက်သာချောင်ချိရေး ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် တပ်မတော်ထုတ်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်ချပေး
Sep 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖျာပုံမြို့နယ် ဆန်စက်၊ ဆန်ကုန်သည်များအသင်း မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခလရ( ၉၈) နယ်မြေခံတပ်တို့ ပူးပေါင်းကူညီမှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပြည်သူများ သက်သာချောင်ချိရေး ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် တပ်မတော်ထုတ်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် စက်တင်ဘာလ (၄)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က ဖျာပုံမြို့အမှတ်(၃)ရပ်ကွက်၊ ဆန်စက်၊ ဆန်ကုန်သည်များအသင်းရုံးရှေ့တွင် ရောင်းချပေးလျက်ရှိ​ကြသည်။
အိမ်မဲမြို့နယ်တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရသော နေ့အဖြင့်သတ်မှတ်ဆောင်ရွက်
Sep 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မစျေးကြီးနှင့် ကမ်းနားလမ်းရှိ ပျံကျစျေးတို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရသောနေ့အဖြင့် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင် အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်အသိပညာပေး
Sep 04,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်းရှိ ဈေးများတွင်အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်၍ ယနေ့နံနက်ပိုင်းက ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေး၌ ဈေးအတွင်းအပြင် ဈေးရောင်းဈေးဝယ် ပြည်သူများအား အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။
မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကွင်းဆင်း၍ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Sep 04,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဖြည့်ဆည်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် စီမံအဖွဲ့ဝင်များ လိုက်ပါလျက် စက်တင်ဘာလ ၃ ရက် ညနေ ၃ နာရီအချိန်က ဇီးအိုင်ကျေးရွာသို့ ‌သွားရောက်၍ ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့ ကော့ဝါးစူးကျေးရွာတွင် မီးလောင်မှုဖြစ်ပွား၍ လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးပြီး အသက်(၆၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံး
Sep 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကော့ဝါးစူးကျေးရွာရှိ ၂၀ ပေ-၃၀ ပေ  သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ တစ်ထပ်နေအိမ်တစ်လုံး ယမန်နေ့ည (၁၀)နာရီ (၂၅)မိနစ်အချိန်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ဆီဆိုင်မြို့နယ်၌ ကျေးရွာတွင်းလမ်းဖွင့်ပွဲကျင်းပ
Sep 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် ပင်စုံကျေးရွာအုပ်စု၊ မန်းဦးကျေးရွာ၌ ကျေးရွာအတွင်း သဲဗြုန်းလမ်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ လမ်းမုခ်ဦး၌ ကျင်းပခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား လိုက်နာဆောင်ရွက်မှု ရှိစေရေး ကြီးကြပ်စစ်ဆေး
Sep 04,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် မအူပင်ခရိုင်၊ မအူပင်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ပြည်သူများ ပလတ်စတစ်အိတ် သုံးစွဲမှု လျော့နည်းစေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး စိစစ်ကြပ်မတ် စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် ကမ်းသာယာဈေး၊ မြို့မဈေးနှင့် ၃ လမ်း ပျံကျ‌‌ဈေးများတွင် ဆောင်ရွက်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် ပလပ်စတစ်အိတ် အသုံးပြုမှု လျှော့ချရေး အသိပညာပေး ဆောင်ရွက်
Sep 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပလပ်စတစ်အိတ် အသုံးပြုမှု လျှော့ချရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၇ ခွဲအချိန်က မြို့နယ်အတွင်းရှိ စည်ပင်သာယာ ဈေးများတွင် ဆောင်ရွက်ခဲ့သည်။