မူဆယ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ တရုတ်-မြန်မာနယ်စပ် နန်းတော်ဂိတ်တွင် ယနေ့နံနက် ၈နာရီခွဲအချိန်က နေရပ်ပြန်များ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက်ရာတွင် တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် စက်ရုံအလုပ်ရုံများရပ်နားထားခဲ့ရာ ယခုအခါ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်ခဲ့ရာ ယောကျာ်းလေး(၁၄)ဦးနှင့် မိန်းကလေး(၁၀) ဦး စုစုပေါင်း(၂၄)ဦး ကို မူဆယ်နယ်စပ် နန်းတော်ဂိတ်မှ တာဝန်ရှိသူများက လက်ခံခဲ့ပြီး အဆိုပါ နေရပ်ပြန်သူများ၏ ဒေသအသီးသီးသို့ တိုက်ရိုက်ပြန်နိုင်ရေးအတွက် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်မောင်(မူဆယ်)