ဇီးကုန်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဈေးအခြေပြု (Fixed Session)အဖြစ် ဈေးသွားဈေးလာများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်ပေး

ဇီးကုန်း     စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဈေးအခြေပြု(Fixed Session)အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဇီးကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။

ဇီးကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၇ နာရီမှစတင်ကာ ဈေးသွားဈေးလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)ကို တတိယအကြိမ် ထိုးနှံပေးခဲ့ရာ ပြည်သူ(၁၀၀)ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာသို့ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်နှင့် ဝန်ထမ်းများ၊ စည်ပင်သာယာမြို့မဈေးတာဝန်ခံ ဦးခင်မောင်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)