မိုင်းငေါ့ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show အား ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်နှင့် စာကြည့်တိုက်လက်ထောက်-၃- ဒေါ်မို့မို့တို့က လူကုန်ကူးမှု၏အဓိပ္ပာယ်၊ လူကုန်ကူးခံရသည့်အဓိကအကြောင်းအရင်း၊ လူကုန်ကူးမှု တာဆီးကာကွယ်ရေး၊ လူကုန်ကူးမှုပပျောက်ရေး လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများအား အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။
မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ပြန်/ဆက်)