မိုးနဲမြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ (၁၁၃)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

မိုးနဲ  စက်တင်ဘာ   ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) လများအတွက်  လူမှုရေးပင်စင်အဖြစ် ထောက်ပံ့‌ငွေပေးအပ်ပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှတစ်ဆင့် ထောက်ပံ့ပေးနေမှုအပေါ် ရပ်ကွက်/ကျေးရွာများရှိ သက်ကြီးဘိုးဘွားများ လက်ဝယ်သို့အရောက် သွားရောက် ထောက်ပံ့ပေးစေလို‌ကြောင်း ပြောကြားပြီး သက်ကြီးဘိုးဘွားများ တစ်ဦးလျင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် မြို့ပေါ်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၁)အုပ်စု၊ ကျိုင်းတောင်းမြို့အပါအဝင် သက်ကြီးဘိုးဘွားများ(၁၁၃)ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၃၃၉၀၀၀၀ အား  ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ထံ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)