ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) ကျောင်းတွင် အပတ်စဉ်နယ်လှည့်မိုလ်ဘိုင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက Grade-7 ကျောင်းသား/ကျောင်းသူများထံမှ ငှားရမ်းထားသည့် စာအုပ်များအား ပြန်လည်သိမ်းဆည်း၍ စာအုပ်စာစောင် အသစ်များ ပြန်လည်ငှားရမ်းပေးခြင်း၊ Grade-2 မှ ကျောင်းသား/ ကျောင်းသူများအား “သူစိမ်းဆိုလျှင်သတိထား အမေ့စကားနားထောင်မယ်နှင့် ညီညွှတ်ကြမယ်” စသည့်ပုံပြင် (၃) ပုဒ်အား ပြောပြခြင်းအား ဆောင်ရွက်ခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်အ တွက် တစ်ကြိမ်လျှင် အခန်း (၂) ခန်းနှုန်းဖြင့် တစ်ပတ်လျှင် (၂) ကြိမ် စာအုပ်စာစောင်များအား လဲလှယ်ငှားရမ်းပေးခြင်းအပြင် ဉာဏ်စမ်းပြိုင်ပွဲများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဦးစီးမှူး၊ ဒေါ်ကေခိုင်ဝင်းမှ ပြောကြားခဲ့သည်။
ကေခိုင်ဝင်း(ပြန်/ဆက်)