မင်းလှ စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် လူငယ်နဲ့ အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၂ နာရီချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင် က လစဉ်စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့် က စာရေးဆရာမောင်မင်းစိုး ရေးသားသည့် လူငယ်နဲ့ အပြောင်းအလဲစာအုပ်မှ အခန်းကဏ္ဍပါအကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့သည်။
ပြည်သူများဗဟုသုတများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းများကို လစဉ်အရှိန်ဟုန်မြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ပေါက်စ(မင်းလှ)