ထားဝယ် စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show) ဆောင်ရွက်ရာတွင် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်ဝင်းက အသိပညာပေး (Talk Show) ကို ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ထားဝယ်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ထွေးက “၃၅နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး- သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာလုံးနှင့်အဝှမ်းပူးပေါင်း ဆောင်ရွက်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အိုဇုန်းလွှာမပျက်စီးအောင် မည်သို့ကာကွယ် ဆောင်ရွက်သင့်ကြောင်း၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ထိန်းချုပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများအကြောင်း၊ အိုဇုန်းလွှာပျက်စီး ခဲ့လျှင်ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်တွေအကြောင်းကို အွန်လိုင်းကနေတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယနေ့ကဲ့သို့သော အသိပညာပေး (Talk Show) ဆွေးနွေးပွဲများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ပြည်သူများသို့အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို အွန်လိုင်းကနေတစ်ဆင့် လစဉ်ပုံမှန် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိသည်။
နိုင်ဝင်း(အရှေ့တိုင်း)